
ေဆးပညာ စစ်တမ်း တခုက အပျင်းထူြခင်း သည် ကျန်းမာေရးကို ထိခိုက် ေစရံုမှျမက လူ၏ သက်တမ်းကို တိုေစေြကာင်း သတိေပး ေဖာ်ြပ လိုက်သည်။
ငယ်ငယ် ရွယ်ရွယ်နှင့် အပျင်းထူသူ များသည် သာမန်လူ များထက် အသက်တို တတ်ေြကာင်း သုေတသီများက ဆိုသည်။
လန်ဒန် တက္ကသိုလ်မှ ပညာရှင်များက အပျင်း ထူြခင်းသည် သာမန်အားြဖင့် ကျန်းမာေရးကို ထိခိုက်မှု မရှိေစေသာ်လည်း အလွန်အကျွံ အ ရက် ေသာက်ြခင်း၊ ေဆးလိပ် ေသာက်ြခင်း၊ မူး ယစ်ေဆးဝါး သံုးစွဲြခင်း စသည်တို့ကို လုပ်ကိုင် ချင်စိတ် ေပါ်လာေအာင် ဆွဲေဆာင် ေလ့ရှိြပီး စိတ်ပိုင်းဆိုင်ရာ ြပဿနာ များကို ေပါ်ေပါက် လာေစတတ်ေြကာင်း ေထာက်ြပ ခဲ့သည်။
(၁၉၈၅) ခုနှစ်မှ (၁၉၈၈) ခုနှစ်အတွင်း အသက် (၃၅)နှစ်မှ (၅၅) နှစ်ြကား လူ (၇၀၀၀) ေကျာ်၏ အမူအကျင့် များ နှင့် ေဆးမှတ်တမ်း များကို ချိန်ထိုး ေလ့လာြကည့်ြပီး ေနာက် သုေတသီများက ယခု ရလဒ်အား ေြကညာခဲ့ြခင်း ြဖစ် သည်။ တလချင်းစီ အလိုက် မိမိတို့ အေနနှင့် အြကိမ်ေပါင်းမည်မှျ ပျင်းရိ ြငီးေငွ့စွာ ေနထိုင်ခဲ့ေြကာင်း ေြဖဆို ထားသည့် မှတ်တမ်းများအရ အြကိမ်များများ ပျင်းခဲ့သူ များသည် အသက်အရွယ် ြကီးရင့် လာချိန်တွင် ကျန်းမာ ေရး ယိုယွင်းမှု ပိုမိုြဖစ်ေပါ် တတ်သည်ကို ေတွ့ရှိ လာရသည်။
International Journal of Epidemiology တွင် ေဖာ်ြပထားမှု အရ အပျင်းထူြခင်းသည် ေရာဂါဘယများ ထူေြပာ လာေစသည့် အဓိက အေြကာင်းရင်း မဟုတ်ေသာ် လည်း စိတ်ပိုင်းဆိုင်ရာ ြပဿနာများ အြပင် ကျန်းမာ ေရး ယိုယွင်းေစမည့် အြပုအမူများ စွဲကပ်လာေစ တတ်ေြကာင်း သိရှိရသည်။













